မိုင်းယောင်းမြို့နယ်၌ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မိုင်းယောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ ညနေ ၄ နာရီက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အားသွန်းခွန်စိုက်ဆောင်ရွက်ခဲ့သော မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဂုဏ်ပြုချီးမြှင့်ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုစကား ပြောကြားခဲ့ကြပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အားသွန်းခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော မြို့နယ်ပညာရေးမှူး ဦးနေသူဟန်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ အရာထမ်း/အမှုထမ်းများအား ကျပ်နှစ်သိန်းတန်ဖိုးရှိ ဂုဏ်ပြုပစ္စည်းများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း