ကျိုက်ထို အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားသည့်ဆေးဝါးနှင့် ပုံစံတူတရားမဝင်ဆေးဝါးရောင်းချခြင်းများရှိ /မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Towards Ultimate Company Ltd; မှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးမှတ်ပုံတင်ရရှိထားသော Pabrinex IV/ HV Injection အကြောအားဆေးအား(FAD)၏ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိရာ အဆိုပါဆေးနှင့် (Composition & Strength) ဘူးခွံ Design ဆင်တူဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် ခွင့်ပြုချက်အမှတ် DRC No နှင့် Insert ပါခြင်းမရှိသော Parbisure ဆေးဝါးများကို ဈေးကွက်အတွင်းတရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိပါသောကြောင့် ၎င်းဆေးများကိုကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း/ဖြန့်ဖြူးခြင်းရှိ/မရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၎င်းဆေးအား ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအား ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ဆေးနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)