ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လမ်းများ ကွင်းဆင်း ကြည့်ရှု

ရွှေပြည်သာ   အောက်တိုဘာ   ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်  ပြည်သူများ  သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ     ဆောင်ရွက်မည့်  လမ်းပိုင်းအခြေအနေများကို  ယမန်နေ့နံနက်ပိုင်းက   တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရွှေပြည်သာ မြို့နယ်အမှတ်(၂၅)ရပ်ကွက် (အုဖ္ပိုလ်ကျေးရွာ)   ရန်ပြိုအေးမင်းကျောင်းပတ်လမ်း၊ ဘုံရှည်ကုန်း - သာဓုကန်  (ရွာချင်းဆက်လမ်း)၊ ဦးသောင်းလမ်းနှင့် အမှတ်(၄)လမ်းမကြီးအား  မှော်ဘီ မြို့နယ် အစပ်အထိ တိုးချဲ့ခင်းကျင်းနိုင်ရေးတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ  ကွင်းဆင်း ရာသို့   ရွှေပြည်သာမြိုနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်   ဦးရန်အောင် မင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်နွယ်နီအေး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း၊လမ်းတံတားခရိုင်(AE)  ဦးတင်ဝင်း နှင့်(SAE)  ဦးသန်းထွေးခင် တို့လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေးအေးမိုး (ပြန်/ဆက်)