နေပြည်တော် အောက်တိုဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်ပေါ်ဒေသနေ ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တောင်ပေါ်ဒေသနေ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်ပေါ်ဒေသနေ ပြည်သူများက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တောင်ပေါ်ဒေသ၌ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)