မိုင်းခတ်မြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ Book Clubအသင်းမှ စာဖတ်ဝိုင်း ပြုလုပ်

မိုင်းခတ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့မွန်းလွှဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး စာ‌ရေးဆရာအောင်သင်း ရေးသားသည့် “ကိုယ့်ကိုယ်ကိုယ်ပြဌာန်းခြင်း”စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ Book Club အဖွဲ့မှ အဖွဲ့ဝင် ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်‌နိုင်နိုင်လွင်က “တကယ့်အမွေ”၊ အဖွဲ့ဝင် ဒေါ်နန်းကေဂျာနူးက “တကယ့်အမွေ-၂”၊ အဖွဲ့ဝင် ဒေါ်ထရေးဆာက “ရိုးသားမှုနှင့် တာဝန်သိစိတ်၊ တာဝန်ယူစိတ်” စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)