ကွတ်ခိုင် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် မြို့နယ်အားကစားကွင်းရှိ လေ့ကျင့်ရေးအားကစားကွင်းတွင် ကွတ်ခိုင်နှစ်ခြင်းအသင်းတော်၏ အမျိုးသားမိဿဟာရဘော်လီဘောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲတွင် ကွတ်ခိုင်၊ ကာလိုင်၊ နားချမ်၊ ဘတ်လေဟန်၊ နားဝိုင်၊ နောင်စစ်၊ မော်ဟစ်စသည့် အသင်း(၇)သင်းများမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲကို ၂၀၂၃ခုနှစ် အောက်တိုဘာလ၁၉ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)