ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ ဝင်းလဲ့လဲ့ထိန်ရွှေဆိုင်မှ အိမ်ထောင်စုဝင် ၄၃၄ ဦးအား ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်း

ပုဗ္ဗသီရိ အောက်တိုဘာ ၁၈

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၌ ဝင်းလဲ့လဲ့ထိန်ရွှေဆိုင်မိသားစုမှ အေးမြင့်သာယာကျေးရွာအတွင်းရှိ အိမ်ထောင်စုဝင် ၄၃၄ ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥတို့ကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆန်၊ ဆီ၊ ကြက်ဉများအား ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ အေးမြင့်သာယာ ကျေးရွာ အတွင်းရှိအိမ်ထောင်စုဝင် ၄၃၄ ဦးအား တစ်အိမ်ထောင်လျှင် ဆန် ၁ ပြည်၊ ဆီ ၁ ဗူး၊ ကြက်ဉ ၆ လုံး ကဒ်တစ်ကဒ်စီကို ဝင်းလဲ့လဲ့ထိန်ရွှေဆိုင်နှင့်ရွှေပန်းထိမ်လုပ်ငန်းမိသားစုတို့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)