တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တောင်သာ အောက်တိုဘာ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆပ်ပြာဆီသင်တန်းတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးမှ  အိမ်ရှင်မများတစ်နိုင်တစ်ပိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန်နှင့် မိသားစုအတွက် အပို၀င်ငွေရှာဖွေတတ်စေရန် ရည်ရွယ်၍ သင်တန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် ဆပ်ပြာဆီသင်တန်းတွင် နည်းပြဆရာမ ဒေါ်ကျော့ကျော့ခိုင်မှ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါ၀င်ပစ္စည်းများကို ရောစပ်ပုံ၊ ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်း ပြသခဲ့ရာ တက်ရောက်လာသည့် သင်တန်းသူ(၁၁) ဦးတို့မှ စိတ်ပါဝင်စားစွာ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းဆပ်ပြာဆီတွင် ပါ၀င်သောပစ္စည်းများအား ကုန်ကြမ်းအဖြစ်စျေးမှ ဆပ်ပြာဆီ တစ်ဖုံလျှင် (၉၅၀၀) ကျပ်ဖြင့် ၀ယ်ယူရပြီး ဆပ်ပြာဆီပြုလုပ်ပြီးနောက် တစ်လီတာဘူး (၁၇) ဘူး ရရှိ၍ တစ်လီတာ (၁) ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့် စျေးကွက်တွင် ပြန်လည်ရောင်းချရပြီး စုစုပေါင်း ငွေကျပ် (၁၇၀၀၀) ပြန်လည်ရရှိသဖြင့် အမြတ်အစွန်းများများရသဖြင့် အိမ်ရှင်မများ စိတ်ပါဝင်စားစွာ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ယင်းသင်တန်းသို့ တောင်သာမြို့ပေါ်ရှိ ရပ်ကွက်အတွင်းမှ အမျိုးသမီး(၁၁)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)