ညောင်ဦး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ရေလုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ် ဂန့်ဂါရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ညောင်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုဖြစ်ပွားရခြင်းနှင့် အယ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်ခြင်း၊ အယ်နီညို ဖြစ်ပွားချိန်တွင် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အယ်နီညိုဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဟောပြောကာ ပညာပေးဟောပြောပွဲ တက်ရောက်လာသူများအား အယ်နီညိုရာသီဥတုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း