ပန်ဆိုင်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ မြို့အဆင့် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်၊ နယ်မြေခံ စခန်းမှူး သက်မင်းထိုက်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရှေ့တန်းရုံး တာဝန်ခံ ဦးမောင်မောင်ကျော်တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၄)ကတ်ကို ပေးအပ်ခဲ့ရာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ တာဝန်ခံအသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)