ပုဗ္ဗသီရိမြို့နယ်၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကုန်စုံဆိုင်များသို့ ဖြန့်ဝေခဲ့‌ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၉အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကို ပေးဆောင်ရန် တာဝန်ရှိကြောင်းနှင့် ရည်ရွယ်ချက်များ၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်၏ တာဝန်များ၊ အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့် ထုတ်ယူခြင်းများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းများ၊ အခွန်ပေးသွင်းခြင်းများ၊ ကြေညာလွှာတင်သွင်းခြင်းများ၊ ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)