သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့‌နံနက် ၁၀ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံ ရေးသားသည့် "လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး" ဆောင်းပါးများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦး‌ခင်​မောင်သန်းက စာရေးဆရာမောင်မိုးယံ ရေးသားသည့်  "လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်မှ "လွတ်လပ်သောလူမျိုး၏တန်ဖိုး" "မိမိကိုယ်မိမိအားကိုးယုံကြည်စိတ်" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်ယဥ်နီလာအေးက "အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကိုယ်ကျင့်တရား" "သမီးအတွက်ထီးတလက်" ခေါင်းစဥ်ဖြင့်လည်းကောင်း  မိမိတို့အတွေ့အကြုံများနှင့်ယှဥ်၍ ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာပေဝါသနာရှင်ပြည်သူများ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)