မိုင်းယန်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဇင်(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော “အိမ်မက်ကောင်းကင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး “ဘဝတန်ဖိုး” ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Book club အသင်းဝင် ဒေါ်သင်းသင်းဝေက “တပြေးညီ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book club အသင်းဝင် ဦးနေမျိုးထက်က “ဘဝသမိုင်းကို ထုဆစ်ပုံဖော်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ် ဦးမြင့်မိုလ်ဦးက “ဆေးစက်ကျရာ” စသည့်ခေါင်းစဉ်များဖြင့် အတွေးအမြင်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး