ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ် (မန္တလေး)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်  အောက်တိုဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သွားဘက်‌ဆေးဆိုင်ရာတက္ကသိုလ်(မန္တလေး)ရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယ‌နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သွားဘက်ဆေးဆိုင်ရာတက္ကသိုလ်(မန္တလေး)မှပါမောက္ခချုပ်  ဒေါက်တာကျော်သီဟက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးဒေါ်‌ဝေဝေဖြိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးဆောင်‌ဆွေးနွေးခဲ့ပြီး အဆိုပါ ဆေးတက္ကသိုလ်မှကျောင်းသူ မသော်ယမုံထွန်းက “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ကျောင်းသူ မဖြိုးသင်ဇာကျော်က “လူငယ်နှင့်မူးယစ်ဆေးဝါး‌” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကျောင်းသူ မစန်းယုနွယ်က “လူငယ်နှင့် ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ ကျောင်းသား‌ မောင်ဟိန်းထက်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ ကျောင်းသူ မစန္ဒာမိုးဇော်က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကျောင်းသူ မမြတ်အိန္ဒြေခိုင်က “ကျား/မတန်း တူညီမျှရေး “ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော လူငယ်လေးများကလည်း ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ လူငယ်စကားဝိုင်းသို့ မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်သီဟနှင့် မော်ကွန်းထိန်းများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)မှ နောက်ဆုံးနှစ်‌နှင့်ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)