ကွန်ဟိန်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းများအား စာပေများ အလွယ်တကူ ဖတ်ရူ့လေ့လာနိုင်ရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီတွင် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာတွင် သုတ၊ ရသစာအုပ်၊ မဂ္ဂဇင်းစာအုပ်နှင့် ဗဟုသုတ ရရှိစေသည့် စာအုပ်စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)