မြစ်သားမြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မြစ်သား အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ တစ်နိုင်တစ်ပိုင် ဝက်သားပေါက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

ဝက်သားပေါက်မွေးမြူရေးလုပ်ကိုင်ရာတွင် ဝက်သားပေါက်ကောင်များအား သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် သားဖြတ်ခြင်း၊ သံဓာတ်အားတိုးဆေးထိုးပေးခြင်း၊ ဝက်အထီးများအား သင်းကွပ်ခြင်း၊  ဝမ်းကျကာကွယ်ဆေးထိုးပေးခြင်း စသည့်အရာများကို မျိုးကောင်းမျိုးသန့် ရရှိစေရေးအတွက် မွေးကင်းစအရွယ်မှစ၍ စနစ်တကျ ပြုစုပျိုးထောင်ပေးရခြင်း၊ ဝက်သားပေါက်ကောင်လေးများအား အစာစားတတ်စေရန်  တစ်ပတ်သားအရွယ်မှစ၍ လေ့ကျင့်ပေးပြီး (၃၅)ရက်သား အရွယ်တွင် မိခင်နှင့်သားခွဲနေထိုင်စေကာ (၄၅)ရက်သားအရွယ်တွင် စတင်ရောင်းချလျက်ရှိသည်။ သားဖောက် ဝက်မကြီးသည် ဝက်တစ်သားလျှင် (၁၀)ကောင်မှ  (၁၄)ကောင်အထိ ပေါက်ဖွားလျက်ရှိပြီး ရာနှုန်းပြည့်အသက်ရှင်ရာ အထီးတစ်ကောင်လျှင် ငွေ(၁၅၀၀၀၀ိ/-)ကျပ်နှုန်း၊ အမတစ်ကောင်လျှင် (၁၃၀၀၀၀ိ/-)ကျပ်နှုန်း၊ အထီး၊အမပါဝင်သော အုပ်ပျက်တစ်ကောင်လျှင်ငွေ (၁၀၀၀၀၀ိ/-)ကျပ်နှုန်းဖြင့် ရောင်းချရလျက်ရှိကြောင်း ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဦးကျော်ဆန်းထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ   ကျေးလတ်နေပြည်သူအများစုသည်   လယ်ယာလုပ်ငန်းကို   အဓိကထားလုပ်ကိုင်ကြပြီး ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့်ကျွဲများကို မွေးမြူခြင်းဖြင့် နွားချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို လယ်ယာမြေအတွက် လိုအပ်သော သဘာဝမြေသြဇာများအဖြစ် အသုံးပြုနိုင်ကြောင်းကိုလည်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)