ကျောက်ဆည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး Wilmer Myanmar Edible Oil Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ(၁၈)ရက်၊ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဆားတောင်ငယ်ကျေးရွာနှင့် သိင်္ဂါတုံကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချရာတွင် ပြည်သူများအဆင်ပြေစေရေး နယ်လှည့်ဆီအရောင်းကားများဖြင့် ဆားတောင်ငယ်ကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ (၅၅၀) ပိဿာ၊ သင်္ဂတုံကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ(၅၅၀)ပိဿာတို့အား (၁)ပိဿာလျှင် ငွေ(၄၆၉၇)ကျပ်ဖြင့် ယံယံဆီအရောင်းဆိုင်နှင့် ကြံတိုင်းအောင် ဆီအရောင်းဆိုင်တို့မှ ရောင်းချပေးခဲ့ကြောင်းနှင့် အလားတူ နယ်လှည့်စားအုန်းဆီရောင်းချခြင်းများကို မြစ်သားမြို့နယ် အရှေ့လွန်ကျော်ကျေးရွာနှင့် အနောက်လွန်ကျော်ကျေးရွာများတွင် အောင်ကမ္ဘာစားသုံးဆီအရောင်းဆိုင်နှင့် နယူးဖန်စီ ဆီအရောင်းဆိုင်တို့မှ ကျေးရွာတစ်ရွာလျင် စားအုန်းဆီ (၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)