ကျောက်ဆည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည် မူလတန်းကြိုကျောင်းတို့ ပူးပေါင်းပြီး ရင်သွေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဉာဏ်ရည်၊ ဉာဏ်သွေးများထက်မြတ်ရေး ငယ်ရွယ်စဉ်ကလေးဘဝကပင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပေကြားခဲ့ပြီး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းမှ မူကြိုကျောင်းသား/ကျောင်းသူ(၂၀)ဦးမှ ရွှေကြက်ဖ၊ ကြက်တူရွေး၊ ဆင်၊ ဂုဏ်ပြုကြစို့၊ ပြည်ထောင်စုပွဲ ကဗျာများဖြင့်လည်းကောင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ချိုးနှင့်ပုရွက်ဆိတ်ပုံပြင်များဖြင့်လည်းကောင်း အသီးသီးဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အဟာမုန့်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)