ညောင်ဦး အောက်တိုဘာ ၁၈
ပုပ္ပားတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁)ခန့်အကွာ ကျောက်ပန်းတောင်း-တောင်သာ-မြင်းခြံသွားကားလမ်းမဘေးတွင်တည်ရှိပြီး အလယ်ရိုးမမြောက်ဖျားပိုင်းတွင် ထီးထီးကြီး တည်ရှိနေသောတောင်ဖြစ်သည်။
ပုပ္ပားတောင်သည် တောင်ထိပ်တောင်ကုန်းပေါင်းမြောက်များစွာရှိပြီး ပုပ္ပားတောင်မကြီးသည် ပေပေါင်း(၅၀၀၀)ခန့် (၄၉၈၁)ပေရှိကာ တောင်ထိပ်တောင်ကုန်းပေါင်း(၃၀)ကျော် ဝန်းရံနေသည့် တောင်ဖြစ်ကာ ပုပ္ပားတောင်ကို အနောက်ဘက်မှကြည့်လျှင် တောင်ထွဋ်နှစ်ခု မြင်ရပြီး ပုပ္ပားတောင်ကြီး၏မြောက်ဘက်မှ ကြည့်လျှင် ဂျပန်နိုင်ငံရှိ ဖူဂျီရာမတောင်ကဲ့သို့ မြင် နိုင်ကြောင်းသိရသည်။ ပုပ္ပားတောင်ကြီး၏ အနောက်တောင်ဘက်ခြေရင်းတွင်ကပ်လျှက် တောင်ကလပ်တောင်တည်ရှိပြီး ပေပေါင်း(၂၄၁၇)အမြင့်ရှိကာ ကျောက်သား၊ကျောက်စိုင်များဖြင့် ကလပ်သဏ္ဍာန်ရှိခြင်းကြောင့်တောင်ကလပ်ဟုခေါ်တွင်ခဲ့ကြကြောင်းသိရသည်။
မြန်မာတို့၏ယုံကြည်ကိုးကွယ်မှု ဗုဒ္ဓမြတ်စွာဘုရားပွင့်ပြီး ၁၀၁ နှစ်အကြာ၊ ဘီစီ ၄၄၂ တွင် ပုပ္ပားတောင်နေရာအား စု့န်စု့န်တက်ပေါ်လာလတ္တံ့လို့ဗျာဒိတ်တော်များဖတ်ခဲ့ရသော်လည်း ဘူမိပညာရှင်များအဆိုအရ ပုပ္ပားတောင်ဟာ ရှေးမီးတောင်ဟောင်းတစ်ခုဖြစ်ကာ ရှေးအခါက အကြိမ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း ချော်ရည်၊ ချော်ခဲ၊ ချော်မှုန့်၊ ချော်မြုပ်ဦချော်ခိုးတို့ဖြင့် ကြိမ်ဖန်များစွာ မှုတ်လွှတ်အန်ထုပ်ရာမှ စုန့်စုန့်တက်မို့မောက်လာခဲ့တာဖြစ်ကြောင်း ဒီလိုပေါက်ကွဲမှု တွေဟာ လွန်ခဲ့သောနှစ်တစ်သန်းမှ နှစ်ငါးသောင်းကာလမှာရပ်စဲခြင်းမရှိသေး ကြောင်း ၊သို့သော် လွန်ခဲ့သော နှစ်ခုနှစ်ထောင်ကာလမှာ ပုပ္ပားတောင်သည် မီးသေတောင် ဖြစ်နေပြီဆိုတဲ့ အချက် အလက်ကိုတော့ခန့်မှန်းနိုင်းခဲ့ကြောင်း၊ ယနေ့ သိပ္ပံခေတ် သိပ္ပံပညာ ဖြင့်ကြည့်လျှင် ပုပ္ပားတောင်ဟာ မီးငြိမ်းတောင်ဖြစ်ကြောင်းအများလက်ခံကြပေသည်။
ပုပ္ပားတောင်တွင် မှန်ပြတောင်၊ နွားလပို့တောင်၊ ဆေးမွန်တောင်တို့ဟ, ဖိုခနောက် ဆိုင်တည်ရှိနေတဲ့ အနေအထားမှာတည်ရှိနေပြီး၊ ပုပ္ပားတောင်သည် နတ်ကိုးကွယ်မှုအရာတွင်လည်း ထင်ရှား ကျော်ကြားလှကာ မဟာဂီရိနတ်၊ ဦးတင့်တယ်၊ ဒေါ်မြတ်လှနတ်နန်းတို့တွင်လည်း ယုံကြည်ပူဇော် ပသမှုများသည်။ ပုဂံမင်းများထဲတွင်လည်း ပုပ္ပားစောရဟန်း၊ မိဖုရားဖွားစော(စိတ္ထိန်း/ကမ်းဖြူ) သူတို့ သည် ထင်ရှားသူများဖြစ်ကာ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ပုပ္ပားဗိုလ်နက်ကျော်မှ ထင်ရှားလှ သည်။
သာသနာဘက်တွင်လည်း ပုပ္ပားတောင်ဘက်ခြမ်း လဲဂွရွာနှင့်လက်ပံအိုင့်ရွာမှ ရဟန္တာ မထေရ်မြတ် ဦးစန္ဒ ပျံလွန်တော်မူသည်မှာ (၈၈)နှစ်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်အထိ ရုပ်ကလပ်တော်အားဖူးတွေ့လေ့လာနိုင်သည်။ ကျောက်ပန်းတောင်းမြို့နယ် စင်မြင့်အုပ်စု၊ လေးတိုင်စင်ကျေးရွာမှ ဦးအောင်မင်းခေါင်သည် ပုပ္ပား/တောင်ကလပ်တွင် သာသနာပြုရင်း ယနေ့အချိန်ထိ အဘထွက်ပွဲများ ကျင်းပခဲ့သည်မှ (၇၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း တောင်ကလပ်ဂေါပကအဖွဲ့ထံကသိရသည်။
ပုပ္ပားတောင်တွင် ရေထွက်ပေါင်း(၉၉)ခုရေထွက်ခဲ့ကြောင်းသိရပြီး အထင်ကရရေ ထွက်များဖြစ်သည့် ကြို့ချောင်းရေထွက်၊ ငဝစမ်းရေးထွက်၊ ရေငယ်ရေထွက်၊ ခြွင်းမရေထွက်များသည် တစ်နာရီ ရေဂါလန်ပေါင်းမြောက်များစွာထွက်ရှိနေသေးပြီး ကျောက်ပန်းတောင်း မြို့သို့ မြို့လူထုသောက်သုံး ရေအဖြစ်အသုံးပြုသွယ်တန်းထားကြောင်းသိရသည်။
ပုပ္ပားမီးထောင်ထိပ်ဝဟုခေါ်သောခြုံးမတွင်းခြောက်အတွင်းတွင် ကမ္ဘာ့မှာ မြန်မာတစ် နိုင်ငံထဲသာရှိ သည့် မျောက်မျက်ကွင်းဖြူခေါ် မျောက်ဇီးကွက်(မျောက်မြီးရှည်)များ အကောင် ( ၈၀၀ )ခန့်ရှိနေ သေးပြီး ခြုံးမတွင်းချောက်ထဲတွင် ကျင်လည်ကျက်စား နေကြကြောင်းသိရသည်။တောင်ကလပ်တွင် မျောက်ဖင်နီမျောက် မြောက်များစွာရှိနေသည်။ ပုပ္ပားတောင်တွင် သစ်ပင်မျိုးစုံမြောက်များစွာ ပေါက်ရောက်ရှင်သန်နေကြပြီး ပုပ္ပားတောင် ပတ်လည်တွင် ကျေးရွာ(၄၀)ကျော်ရှိကာ ကျေးရွာ အများစု ပုပ္ပားတောင်ကြီးမှထွက်ရှိသည့် ရာသီပေါ် မျှစ်၊ မှိုအမျိုးမျိုး၊ သမုန်းဖူး၊ တမာ၊ သကြားစက်၊ မာလာဖူးစသည့် ရာသီစာများခူး ယူရောင်းချကြခြင်း၊ တပင်တိုင်မြနန်း၊ တောင်နံကြီး၊ တောင်နံလေး၊ မယားနင်း၊ တောရှောက်၊ ဝံအူဖြူ၊ ဝံအူနီ၊ သမျှားဥစသည့် ဆေးမြစ်ဆေးဥများရှာဖွေရောင်းချကြခြင်း နှင့်သစ်ခွပန်းအ မျိုးမျိုးကိုလည်းရှာဖွေရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသသည့် ကျေးရွာများ လည်းရှိနေကြသေးကြောင်းသိရသည်။ ပုပ္ပားတောင်တွင် သစ်ခွပညာရှင်များ စာရင်းပြုစု စာအုပ်ထုတ်ဝေထားရာ သစ်ခွမျိုး(၅၂)မျိုးရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။ ပုပ္ပားတောင်တွင် လိပ်ပြာမျိုးစိတ်၊ သစ်ခွမျိုးစိတ်၊ ဆေးဖက်တွင် သစ်ဖု၊ သစ်ဥ၊ သစ်ပင်မျိုးစုံများစွာ ပေါက်ရောက်ရှင်သန်နေသည့် မြန်မာပြည်အလယ်ပိုင်း ပုပ္ပားတောင်ခေါ်အိုအေစစ်ရပ်ဝန်းဖြစ် နေပေ တာ့သည်။
ဒီပါလင်း