ညောင်ဦး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ်ရေကန်များ ပြန်လည်ပြုပြင်မည့် အခြေအနေများစစ်ဆေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ညောင်ဦးမြို့နယ်အတွင်း ပုဂံခေတ်မှ ယခုအချိန်ထိတည်ရှိနေပြီး ကန်ကောသဖွယ်ဖြစ်နေကာ မိုးရွာသွန်းချိန်ရေထိမ်းသိမ်းမှုနည်းပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်ရေကြီးရေလျှံ၊ ရေဝပ်ခြင်းများဖြစ်နေမှုကြောင့် ရေကန်များ ပြန်လည်တူးဖော်ပြီး ရေစီးလမ်းကြောင်းများ ပြန်လည်ကောင်းမွန်စီးဆင်းစေရန်နှင့် ရေကန်ရေရိုး၊ရေကျော်များ ပြန်လည်ပြုပြင်မည့် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ သန့်စင်ကြယ် ကျေးရွာရှိ အလံပုဂံရေကန်၊ မင်းနန်းသူကျေးရွာအုပ်စု၊ မင်းနန်သူ ကျေးရွာရှိ မရိုးကန်၊ ညောင်လက်ဖက်ကန်တို့အား ရေဝင်ရောက်ဧရိယာ၊ ရေကန်များမှ အကျိုးပြုကျေးရွာနှင့် ရေဝင်ရောက်မှုလမ်း၊ ရေပိုထွက်ရေလမ်းကြောင်းတို့အားကြည့်ရှုစစ်ဆေးရာ ဆက်လက်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အာနန္ဒာဘုရားကြီးနှင့်ရွှေ စည်းခုံဘုရားကြီးသို့ ရောက်ရှိ ဖူးမြှော်ကာ အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်နှင့်မြောက် ဘက်မုခ်တို့အားကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက သိရှိလိုသည်များအား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်မှ အာနန္ဒာဘုရားကြီးနှင့် ရွှေစည်းခုံဘုရားကြီး နဝကမ္မအတွက် အလှူငွေလှူဒါန်းရာ ဂေါပကအဖွဲ့မှလက်ခံရယူသည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် နံနက် ၉ နာရီခွဲအချိန်တွင် ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ)အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များနှင့် ဟိုတယ်လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ကော်မတီ ဝင်များနှင့်ဟို တယ်လုပ်ငန်းရှင်များမှ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ကသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေ့လယ် ၁၂ နာရီအချိန်တွင် ဝက်ကြီးအင်းချောင်း သဲနှုန်းဖယ်ရှားခြင်း၊ ချောင်းချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေးခြင်း၊ အမှတ်(၃)ရပ်ရှိ စည်ပင် သာယာပန်းခြံဝင်း အတွင်း မြို့တော်ခန်းမတည်ဆောက်ရန် လျားထားမြေနေရာနှင့် တည်ဆောက်မည့် ပုံစံ၊ ကားပါကင်တို့အား ကြည့်ရှုစစ်ဆေးခြင်း၊ ညောင်ဦးခရိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဆေးရုံ ကြီးအတွင်းရှိ ဓာတ်မှန်ခန်း၊ ကလေးဖျားနာဆောင်၊ မီးဖွားဆောင်၊ အရိုးအကြောဆောင်နှင့် ဆေးပစ္စည်းသိုလှောင်ထိန်းသိမ်းဆောင်တို့အားကြည့်ရှု စစ်ဆေးရာ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းမှရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဒီပါလင်း