နောင်ချို အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရာတွင် အောင်မြင်စွာပြီးမြောက်နိုင်ရေး အတွက် အလှူတော်ငွေများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စီဗြုံးများ လှူဒါန်းခြင်းကို သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နောင်ချိုမြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက ငွေကျပ် ၄၀၀၀၀၀/-တန်ဖိုးရှိ စီဗြုံး (၆)ကျင်းအား လှူဒါန်းရာ သဖန်းကိုင်း ပရဟိတဆရာတော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ လှူဒါန်းရခြင်းအကျိုး တရားတော်များ ဟောကြားတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ နည်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များကလည်း ကုသိုလ်ယူ လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)