သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၌ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်

သုံးခွ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင်     သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန  မြို့နယ်ဦးစီးမှူးဦးမျိုးတင့်က မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်သည် စက်တင်ဘာလမှစတင်၍ အဆင့်ဆင့်သက်ရောက်စတင်လာပြီဖြစ်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာမှ ထုတ်ပြန်ကြေငြာထားရှိခဲ့ပြီးဖြစ်ရာ အယ်နီညိုဖြစ်စဥ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်အမြင့်မားဆုံးကာလများဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးနှင့် ငါးလုပ်ငန်းလုပ်ကိုင်ကြသည့်   ဒေသခံပြည်သူများ ကြုံတွေ့ရမည့် အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ အယ်နီညိုဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ဖြစ်ပွားပြီးနောက်     ပြန်လည်ထူထောင်ရေး  လုပ်ငန်းဆောင်ရွက်နိုင်ရန်၊ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ်သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်၊ အယ်နီညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို သုံးခွမြို့နယ်အတွင်းရှိ   မွေးမြူရေးလုပ်ငန်းရှင်များနှင့်   ရေလုပ်သားစုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်