ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မိုးစပါးနှင့်အခြားသီးနှံလျာထားစိုက်ဧက(၉၁၁၅၄)ဧကရှိသည့်အနက် (၉၀၁၇၃)ဧကစိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း မိုးစပါးလျာထားဧက(၈၅၀၈၂)၊ ကြံပင်လျာထားဧက(၂၄၁)၊ ထန်းပင်လျာထား(၈)ဧက၊ ကွမ်းသီးပင်လျာထားဧက(၉)၊ ကွမ်းရွက်ပင်လျာထားဧက(၂၂)၊ ငှက်ပျောပင်လျာထားဧက(၈၂၁)၊ အုန်းပင်လျာထားဧက(၁၂၇)၊ ဟင်းသီးဟင်းရွက်ပင်လျာထားဧက(၁၅၅၁)၊ သစ်သီးပင်လျာထားဧက(၃၂၉၃) စုစုပေါင်းမိုးစပါးနှင့်အခြားသီးနှံ လျာထားဧက(၉၁၁၅၄)ဧကရှိပြီး မိုးစပါးစိုက်ပျိုးပြီး ဧက(၈၄၁၃၂)၊ ကြံစိုက်ပျိုးပြီးဧက(၂၁၀)၊ ထန်းပင်စိုက်ပျိုးပြီး(၈)ဧက၊ ကွမ်းသီးပင် စိုက်ပျိုးပြီးဧက(၉)၊ ကွမ်းရွက်စိုက်ပျိုးပြီး ဧက(၂၂)၊ ငှက်ပျောပင်စိုက်ပျိုးပြီးဧက(၈၂၁)၊ အုန်းပင်စိုက်ပျိုးပြီး ဧက(၁၂၇)၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးပြီးဧက(၁၅၅၁)၊ သစ်သီးပင်စိုက်ပျိုးပြီးဧက(၃၂၉၃) စုစုပေါင်းမိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးပြီးဧက(၉၀၁၇၃)ဧကရှိကြောင်းလည်း သိရသည်။
မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် လျာထားဧကပြည့်မီအောင်အတွက် တောင်သူပညာရေးလုပ်ငန်းများနှင့် မိုးစပါးစိုက်ခင်းများလိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအသိပညာပေးဆောင်ရွက်လျက်ရှိပြီး နည်းပညာမျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို မျိုးစေ့ထုတ်တောင်သူများကိုလည်း မြေဩဇာများထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)