လဲချားမြို့၌ ဒေသခံပြည်သူများအား စားအုန်းဆီနှင့် ကြက်ဉများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လဲချား အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုန်းဆီနှင့် ကြက်ဉများ  ပြင်ပစျေးနှုန်းထက် သက်သာ​သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်​​ရေးအတွက် ရည်ရွယ်၍ လဲချားမြို့ နယ်မြေခံတပ်မှ တာဝန်ရှိသူများက ယနေ့ နံနက်(၇း၃၀)နာရီအချိန်  မြို့မစျေးအရှေ့တွင်  ရောင်းချပေးခဲ့သည်။

အဆိုပါ စားအုန်းဆီနှင့်ကြက်ဉများ ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့်လည်းကောင်၊ ကြက်ဉတစ်လုံး (၂၀၀)ကျပ်ဖြင့်လည်းကောင်း စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ကြည့်ရှု့အားပေး၍ လိုအပ်သည်များ​ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

လဲချား(မြို့နယ်၊ ပြန်/ဆက်)