မက်မန်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားရေး၊ အတုယူ လိုက်နာအတွက်နိုင်ရေးအတွက် ဒေသအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းသူ၊ ကျောင်းသူများ၏ ပြိုင်ပွဲဝင်မှတ်တမ်းများ၊ မြို့နယ်အတွင်းရှိ အထင်ကရဘုရားစေတီများ၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါများအကြောင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ရောဂါများအကြောင်း၊ အနုပညာရှင်များ၏ မှတ်တမ်းများဓာတ်ပုံများ၊ ကာတွန်းများ၊ ဆောင်းပါးများဖြင့် ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)