ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အငြင်းပွားမှုများကို အများပူးပေါင်းဖြေရှင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ကလော အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမ်းလက်မေတ္တာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ အငြင်းပွားမှုများကို အများပူးပေါင်းဖြေရှင်းခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်လျက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ ကမ်းလက်မေတ္တာအသင်းမှ သင်တန်းဆရာမ ဒေါ်ယွန်းဟန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် “မိတ်ဆက်ခြင်း၊ သင်တန်းအကြိုစိစစ်လွှာ မျှော်မှန်းချက်များ၊ သင်တန်းတွင်း သဘောတူညီချက်များ၊ Genderရေးရာ ထည့်သွင်းစဉ်းစားသုံးသပ်ခြင်းနှင့် လူမှုပေါင်းစည်းပါဝင်ခြင်း၊ အငြင်းပွားမှုဖြေရှင်းသည့် လုပ်ငန်းစဉ်တွင် တန်းတူညီမျှစွာ ပါဝင်နိုင်ခွင့်၊ ဉပဒေရှေ့မောက်တွင် တန်းတူညီမျှရှိခြင်း၊ သင်ကြားနည်း နည်းလမ်းများကို ရှာဖွေခြင်း၊ တရားမျှတမှုကို လေ့လာခြင်း၊ သင်၏ရပ်တည်ချက် ဖော်ပြချက်၊ အငြင်းပွားမှုများနှင့် ဖြေရှင်းနည်း နည်းလမ်းများ၊ စကားလုံး အသုံးအနှုန်းများနှင့် အဓိပ္ပါယ်များ၊ အကူအညီမပါသော ဖြေရှင်းနည်းနှင့် အကူအညီပါသော ဖြေရှင်းနည်း၊ အရေးဆိုတင်ပြခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်း၊ အရေးဆိုတင်ပြခြင်းဆိုတာ ဘာလဲ၊ အဆင်ပြေချောမွေ့အောင် စေ့စပ်ညှိနှိုင်းခြင်းဆိုတာ ဘာလဲ၊ ကြားဝင်ဖျန်ဖြေခြင်းဆိုတာ ဘာလဲ၊ ကြားဝင်ဖျန်ဖြေခြင်း လုပ်ဆောင်ရန်အတွက် လမ်းပြမြေပုံ၊ လျှို့ဝှက်ထိန်းသိမ်းခြင်း၊ အကျိုးစီးပွားတွန်းတိုက်မှုဖြစ်ခြင်း၊ ပြဿနာဖြေရှင်းသည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ကလောမြို့နယ်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို အောက်တိုဘာလ ၁၇ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ ၃ရက်ကြာသင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)