ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် CPI စနစ်ကို အသုံးပြု၍ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမှတ်(၆၈) ရပ်ကွက်တွင် ယမန်နေ့နံနက် (၉)နာရီက စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မြေပြင်အိမ်ထောင်စုနှင့် လူဦးရေစာရင်းမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍စမ်းသပ် ဆောင်ရွက်ခြင်းဖြစ်ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒဂုံမြို့သစ်ခရိုင် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် အဖွဲ့ (၆)ဖွဲ့ခွဲကာ Mobile Tablet များအသုံးပြု၍ CAPI နည်းဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများအား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးကျော်တို့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို (၁.၁၀.၂၀၂၃) ရက်နေ့မှ (၁၇.၁၀.၂၀၂၃) ရက်နေ့ထိ စုစုပေါင်းကောက်ကွက်(၁၀)ကွက်ဖြင့် အိမ်ထောင်စု(၁၇၆၅)စု၊ လူဦးရေ(၆၈၈၈)ဦးတို့အား (၁၇)ရက်ကြာ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ