ဗဟန်း အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂)ရပ်ကွက် ဖိုးစိန်လမ်း Bahan International Science Academy (BISA) ကျောင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး Kaeru Caravan (ဂိမ်းကစားခြင်း) အစီအစဥ်များအား ယမန်နေ့ နေ့လယ် ၁၃း၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဂိမ်းကစားပွဲများအား အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးရှိုင်းဝေမိုးဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦးတို့က ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ Bahan International Science Academy BISA ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ(၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ မီးတပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဂိမ်းများ ဆော့ကစားစေခြင်း အစီအစဉ်များအား ဆောင်ရွက်ခဲ့ကြရာ ညနေ(၁၅:၀၀) အချိန်ထိ အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်