ဇမ္ဗူသီရိ အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကြာပင်ရပ်ကွက်၊ စည်ပင်ဧည့်ရိပ်သာအနီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဥ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဥ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဇမ္ဗူသီရိမြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့စု (၁)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာ သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့် ကိုက်ညီသည့် အရေးယူမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)