မန်တုံ အောက်တိုဘာ ၁၈
ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိဘဆရာအသင်း ဉက္ကဋ္ဌမှ ကျောင်းသားမိဘများအား ကျေးဇူးတင်စကား ပြောကြားခြင်း၊ တာဝန်ခံဆရာမမှ ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မူကြိုကလေးများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများအား အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကလေးငယ်များအား ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)