ထန်းတပင် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို အဆိုပါကျေးရွာတွင် တာဝန်ရှိသူများက ထုတ်ချေးပေးသည်။
စီးမံကိန်းရန်ပုံငွေများ ထုတ်ချေးပွဲတွင်လည်း မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင်လည်း မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိသော ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၅)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦးနှင့် အရောင်အဝယ်လုပ်ငန်းလုပ်ကိုင်သူ (၂၅)ဦး စုစုပေါင်း (၇၇)ဦးတို့ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်
ဇင်မင်းထိုက်