ဇမ္ဗူသီရိ အောက်တိုဘာ ၁၈
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများ ဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးဟန်ညွန့် (ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးကျော်ကျော် (ဘကျော်-နေပြည်တော်)၊ ဦးအောင်ဝေ (မောင်အောင်ဝေ-ညောင်ခြေထောက်)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ဦးကျော်လွင် (ကျော်လွင်မြင့်-မှော်ဝန်း)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဦးစောဦး (ဈာန်စွမ်းအင်)၊ ဦးဋ္ဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)၊ ဦးလှငွေ (အညာသားပတူး-ကျားသတ်မြေ)၊ ဒေါ်ခင်နန်းဦး (နန်းနန်း-စပါးကျီ)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူမှု)၊ ဒေါ်သက်သက်မွန်နှင့် စာပေဝါသနာရှင်တို့က “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ဘဝ အတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Onlineမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)