စဉ့်ကူး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။
စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ စဉ့်ကူးမြို့နယ်ရုံးအတွက် လစဉ်ပေးပို့သည့် ပညာရပ်မျိုးစုံ ပါဝင်သော သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး အသိပညာပေး နံရံကပ်စာစောင်တွင် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ခြင်းဖြစ်ပေါ်က လိုက်နာရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက သတိပြုလိုက်နာရန် အချက်များ၊ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းဘေးအန္တရာယ် အပါအဝင် အခြားသဘာဝဘေး အန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာနိုင်ရန် ထုတ်ပြန်ထားသည့် အသိပညာပေးစာစောင်များ၊ ဆောင်းပါးများ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံကားချပ်များနှင့် ကြေညာချက်များကို ပြသထားရာ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)