အိုးဖိုကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်

တောင်သာ အောက်တိုဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးM;စီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် အိုးဖိုကျေးရွာတွင်  ရွာတွင်းလမ်းများ  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနူန်းပြည့် ပြီးစီးအောင်မြင်ခဲ့သဖြင့် လမ်းဖွင့်ပွဲနှင့် လုပ်ငန်းများအပ်နှံခြင်း  အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါကျေးရွာ ကွန်ကရစ်လမ်းပေါ်နှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမားစွာ  လုပ်ငန်းများအပ်နှံခြင်း အခမ်းအနားကျင်းပရာ၌ အိုဖိုကျေးရွာ ရွာဦးကျောင်း ဆရာတော် ဦးစိန္တိတက ဆုံးမသြဝါဒတရားမြွတ်ကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက VDP စီမံကိန်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာစိတ်ဓါတ်အကြောင်းနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကာ ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများကို ဆောင်ရွက်ပြီးလုပ်ငန်းများ ဝိုင်းဝန်း တန်ဖိုးထား ထိန်းသိမ်းကြဖို့၊ အမှိုက်စနစ်တကျစွန့်ပစ်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်သည့် မှတ်တမ်းလွှာအား ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ က ဆောင်ရွက်ပြီးလုပ်ငန်းများအား ကျေးလမ်းထိန်းသိမ်းရေးကော်မတီထံ လုပ်ငန်းများ လွှဲပြောင်း အပ်နှံခြင်း ဆောင်ရွက်ခဲ့ပြီးနောက် ကျေးရွာ VDP ဥက္ကဋ္ဌက အသုံးစရိတ်သုံးစွဲခြင်းများ ပြည်သူထူထုထံ ချပြရှင်းလင်ခြင်းဆောင်ရွက်ခဲ့ပြီး ကျေးရွာကော်မတီ တစ်ဦးက   ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ဆက်လက်၍ လမ်းဖွင့်အား အိုဖိုကျေးရွာကွန်ကရစ်လမ်းပေါ်၌ ဆက်လက်ပြုလုပ်ခဲ့ရာ အိုဖိုကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးစိန္တိတ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ကျေးရွာ VDP ဥက္ကဋ္ဌ ဦးသန်းစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ယင်းကွန်ကရစ်လမ်း အရှည်ပေ ၆၂၅ပေ၊ အကျယ် ၁၂ပေ၊ ထု ၆ လက်မခင်းခြင်းလုပ်ငန်းအား စီမံကိန်းကိန်းရန်ပုံငွေ ၁၅ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ၅ ဒဿမ ၇ သန်း တို့ဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်နိုင်ခဲ့သဖြင့် အိမ်ခြေ ၇၄ အိမ်၊ လူဦးရေ ၃၆၉ ဦးအတွက် သွားရေးလာရေးလွယ်ကူချောမွေ့လာနိုင်ပြီဖြစ်သည့်အပြင် လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးအတွက်ပါ များစွာအထောက်အကူပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။

ကျော်မျိုးနိုင်(တောင်သာ)