နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

နွားထိုးကြီး   အောက်တိုဘာ  ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက အထက်တန်းစားစိတ်ဓာတ် ဆိုသည့်စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးမပြုတတ်ကြသော်လည်း အောက်တန်းစာစိတ်ဆိုသည်ကို လူအတော်များများ သုံးစွဲပြောဆိုလေ့ရှိတတ်ပုံ၊ အထက်တန်းစား စိတ်ဓာတ်ရှိသူဆိုသည်မှာ လူကောင်းဝါဒလက်ကိုင်သူ တစ်နည်းအားဖြင့် စိတ်ကောင်းရှိသူဖြစ်ပြီး အောက်တန်းစား စိတ်ဓာတ်ရှိသူမှာ ကိုယ်ကျင့်တရားချွတ်ခြုံကျနေသူ စိတ်ကောင်းမရှိသူကို သုံးစွဲပြောဆိုခြင်းဖြစ်ပုံ၊ အထက်တန်းစား စိတ်ဓာတ်ပိုင်ဆိုင်သူသည် မိမိ၏အတ္တကို ရှေ့တန်းမတင်ဘဲ  သူတစ်ပါးကောင်းကျိုးအတွက်ကိုသာ ရှေ့တန်းတင်တတ်ကြပုံတို့ကို ရေးဖွဲ့ထားသည့် စာရေးဆရာ မောင်မင်းစိုး၏ “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်” စာအုပ်ပါအကြောင်းအရာများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်