မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာ   အောက်တိုဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် တစ်ဧက အထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံတောင်သူများအား အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါနှင့် မလှိုင်ဝါချည်မျှင်တိုကို မိုးကြို၊ မိုးတွင်းနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးကြို၊ မိုးတွင်းနှင့် မိုးနှောင်းကာလများတွင် ချည်မျှင်ရှည်ဝါကို  မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောင်ရှိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၈၄၂၁ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၆၁၆၄ ဧက၊ သာစည်မြို့နယ်တွင် စိုက်ဧက ၁၀၂၁၇ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၁၃၅၅၁ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။ ၎င်းအပြင် မလှိုင်ဝါချည်မျှင်တိုကို  မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၃၂၀ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၄၁၉၅ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့သည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးကြို၊ မိုးနှင့် မိုးနှောင်းကာလများတွင် ချည်မျှင်ရှည်ဝါစိုက်ဧက ၃၈၃၅၃ ဧကနှင့် မလှိုင်ဝါချည်မျှင်စိုက်ဧက ၄၅၁၅ ဧကတို့ စိုက်ပျိုးပြီးစီးရာ ယနေ့အထိ မိတ္ထီလာခရိုင်၌ ဝါမျိုးစုံ ၄၂၈၆၈ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)