ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် အောက်တိုဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်း ဖွံ့ဖြိုးဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိလမ်းများ ကောင်းမွန်ရေး ဘဏ္ဍာနှစ်အလိုက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ကတ္တရာလမ်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်း၏ (၆.၃)ကီလိုမီတာနှင့်(၆.၅)ကီလိုမီတာအတွင်းရှိ လမ်းအရှည်(၀.၂)ကီလိုမီတာ၊ လမ်းအကျယ်(၅.၅)မီတာ၊ (၁၅.၄)ကီလိုမီတာနှင့်(၁၅.၆) ကီလိုမီတာအတွင်းရှိ လမ်းအရှည်(၀.၂)ကီးလိုမီတာ၊ လမ်းအကျယ်(၅.၅)မီတာ၊ (၁၅.၆)ကီလိုမီတာနှင့်(၁၅.၆)ကီလိုမီတာအတွင်း လမ်းပိုင်းအရှည်(၀.၂)ကီလိုမီတာ၊ လမ်းအကျယ်(၅.၅)မီတာ စုစုပေါင်း အဆိုပိုင်းလမ်းပိုင်း(၃)နေရာများအား မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ(၄၂.၀၀၀)ကျပ် သန်းဖြင့် ပျက်စီးနေသည့် ကတ္တရာလမ်းမျက်နှာပြင်များအား လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ချိတ်ဆက်လျက်ရှိပြီး ပျက်စီးနေသည့် လမ်းပိုင်းများပြန်လည်ပြုပြင်ပေးခြင်းဖြင့် လမ်းဘေးဝဲယာရှိကျေးလက်နေဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)