မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေးပြိုင်ပွဲများ ကျင်းပမည်

မိတ္ထီလာ   အောက်တိုဘာ  ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးပြိုင်ပွဲများကို မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးပြိုင်ပွဲများတွင် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲအား နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲအား နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ဆက်သွယ်စာရင်းပေးသွင်း ယှဉ်ပြိုင်နိုင်ကြောင်းသိရသည်။

ချမ်းသာ