မိတ္ထီလာ အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခ ရွှေစည်းခုံစေတီတော်တွင် သီတင်းကျွတ်ဆီမီးတစ်ထောင်ပူဇော်ပွဲကို သုံးရက်တိုင်ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။
“နှစ်စဉ်သီတင်းကျွတ်လဆီမီးပူဇော်ပွဲတိုင်းကျင်းပမြဲဖြစ်တဲ့ ဓမ္မသုခရွှေစည်းခုံစေတီ တော်ရင်ပြင် တော်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ သုံးရက်တိုင် ထွန်းညှိပူဇော်ပြုလုပ်သွားမှာပါ။ အောက်တိုဘာလ ၂၈ ရက် ၊ ၂၉ ရက်၊ ၃ဝ ရက်နေ့တွေမှာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က စတင်ပြီး ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဆီမီးတစ်ထောင်ပူဇော်ထွန်းညှိဖို့အတွက် ဒေသခံစေတနာရှင် အလှူရှင်မိသားစုများရဲ့စုပေါင်းလှူဒါန်းမှုနဲ့ လှူဒါန်းပူဇော်မှာဖြစ်ပါတယ်” ဟု ဓမ္မသုခ ရွှေစည်းခုံ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး က ပြောသည်။ အလားတူ တန်ဆောင်တိုင်ပွဲတော်ကာလ တန်ဆောင်မုန်းလတွင်လည်း ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ