မိတ္ထီလာ အောက်တိုဘာ ၁၇
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များတွင် ဒေသခံပြည်သူများဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသည့် လမ်း (၂ဝ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့မ(၄)ရပ်ကွက်ရှိ မြနန္ဒာလမ်း၊ ရတနာမာရ်အောင်ရပ်ကွက်ရှိ ခိုင်ရွှေဝါလမ်း၊ အောင်ဇေယျာရပ်ကွက်ရှိ ပတ္တမြားလမ်း၊ ကျီတော်ကုန်းရပ်ကွက်ရှိ ဘုရင့်နောင်လမ်း၊ ပြည်သာယာမြောက်ရပ်ကွက်ရှိ မျက်နှာကြီးဘုရားလမ်းမြေနှင့် စက်မှုဇုန် ရပ်ကွက်(၄)လမ်းတို့ကို ကတ္တရာလမ်းခင်းခြင်း၊ အောင်ဆန်းရပ်ကွက်ရှိ ဒေါနလမ်း၊ သီရိမင်္ဂလာရပ်ကွက် သရဖီလမ်းနှင့် ပြည်သာယာတောင်ရပ်ကွက် (၃)လမ်းတို့ကို ထပ်ပိုးကတ္တရာခင်းခြင်း၊ ပေါက်ချောင်းရပ်ကွက်လမ်းမကြီး၊ နန်းတော်ကုန်းရပ်ကွက် သာယာကုန်း အမှတ်(၂)လမ်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းရှေ့လမ်း၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ခိုင်ရွှေဝါလမ်း၊ ဝန်ဇင်းရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်အဝင်လမ်း၊ အောင်ဇေယျာရပ်ကွက်ရှိ ကန်လေးကုန်းလမ်း၊ နန်းတော်ကုန်းရပ်ကွက်ရှိ ကန်ပတ်လမ်းနှင့် အောင်ဆန်းရပ်ကွက်ရှိ ပွဲစားတန်းလမ်းတို့ကို ကွန်ကရစ်လမ်းခင်းခြင်း၊ ပေါက်ချောင်းရပ်ကွက်(၂)လမ်း၊ (၃)လမ်းနှင့် မဟာစည်တိုးချဲ့ရပ်ကွက်ရှိ အုတ်ကျင်းအဝင်လမ်းတို့ကို ကျောက်ဆွေးခင်းခြင်းတို့ ဆောင်ရွက်ခြင်းလျက်ရှိပြီး ယခုလက်ရှိတွင် (၁ဝ) လမ်းကို ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိနေသည့်လမ်းများ ခင်းကျင်းပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ချမ်းသာ