မှိုင်းပန်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်ခင်းအဆင့်မြှင့်တင်မှုကြောင့် အိမ်ထောင်စု(၅၀၆)စုမှ ပြည်သူ(၂၅၁၀)ဦးတို့၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖြစ်လာ

ကျောက်ဆည် အောက်တိုဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်အဖြစ် အဆင့်မြှင့်တင်ခင်းပေးခဲ့ခြင်းသည် အိမ်ထောင်စု(၅၀၆)စုမှ ပြည်သူ(၂၅၁၀)ဦး တို့၏ လူမှုဘဝများ ပိုမိုဖွံ့တိုးတက်ရေးအတွက် အထောက်အကူဖြစ်လာခဲ့သည်။  

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းခွင့်ပြု ရန်ပုံငွေကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(လုပ်အားတန်ဖိုး) ကျပ် ၅,၇၇၈,၀၀၀ သိန်းတို့ဖြင့် ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှု၊ မှိုင်းပန်ကျေးရွာ လမ်းဖြစ်မြောက်ရေးကော်မတီဦးဆောင်မှုဖြင့် ကျေးရွာအတွင်းရှိ လမ်းအရှည်(၇၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းခင်းဖြစ်သည်။

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းပြီးကဏ္ဍစုံပါဝင်သည့်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ အရင်အမပျောက်မတည်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းများ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)