တံတားဦး အောက်တိုဘာ ၁၇
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲကို အောက်တိုဘာလ(၁၅)ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲကို အခြေခံပညာကျောင်းများအလိုက် ဖြေဆိုကြရာ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade–4 ၊ 5 ၊ 6 ၊ 7 ၊ 8 ၊ 9 နှင့် 12 အစရှိသည့်အတန်းများကို နေ့စဉ်နံနက်(၉)နာရီအချိန်တွင်လည်းကောင်း၊ Grade– 10 နှင့် 11 အတန်းများကို နေ့စဉ်မွန်းလွဲ(၁)နာရီအချိန်တွင်လည်းကောင်း ကျင်းပလျက်ရှိရာ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် အောက်တိုဘာလ(၂၀)ရက်နေ့အထိဖြေဆိုမည်ဖြစ်ပြီး အ.ထ.က(တံတားဦး)တွင် ကျောင်းသား/သူပေါင်း(၉၃၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပါကြောင်း၊ KG တန်းမှစတင်၍ Grade – 3 အထိ ကျောင်းသား/သူများကို အခန်းတွင်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးကိုကိုမောင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)