နမ္မတူ အောက်တိုဘာ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက် (၈)နာရီ (၄၀)မိနစ်အချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေမြင့်တက်ကာ ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ၊ ဆန်ဖိုးရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဆွေဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဂျူးမီမီကျော်တို့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ချောင်းရေးကြီးကာ ရေဘေးသင့် လုံးဝပျက်စီးခဲ့သည့် ဆိုက်ခေါင်ကျေးရွာရှိ လူနေအိမ် (၄)လုံး၊ ပိန်းလုံကျေးရွာရှိ လူနေအိမ် (၂)လုံး၊ မိုင်းဆင်ကျေးရွာရှိ လူနေအိမ် (၁)လုံး၊ ဟွေဖက်ကျေးရွာရှိ လူနေအိမ် (၁)လုံး၊ နားဆိုင်းကျေးရွာရှိ လူနေအိမ် (၁)လုံး၊ အောက်ပန်ခမ်းကျေးရွာရှိ လူနေအိမ် (၁)လုံး၊ ဝိန်းနန်ကျေးရွာရှိ လူနေအိမ် (၁)လုံး၊ နားကျိုင်းကျေးရွာရှိ လူနေအိမ် (၁)လုံး၊ စုစုပေါင်း လူနေအိမ်၁၂လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ ပလပ်စတစ်ပုံး ၁၂ ပုံး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် ၂၄၀၀၀၀၀ ကျပ်၊ လူဦးရေ ၄၆ဦးတို့အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၉၆၆၀၀ကျပ်အားလည်းကောင်း၊ နားကျိုင်းကျေးရွာရှိ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၃၀၀၀၀၀ ကျပ်နှင့် ဒဏ်ရာရရှိသူတစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀ကျပ်တို့အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)