ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆန်၊ ဆီလုပ်ငန်းရှင်များမှ သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စုများအား ဆန်၊ ဆီများ ရောင်းချပေးလျှက်ရှိ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆန်၊ ဆီလုပ်ငန်းရှင်များမှ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီများကို ယနေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌  ရောင်းချပေးခဲ့သည်။

အဆိုပါ ဆန်နှင့်ဆီများအား ပုဗ္ဗသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆန်၊ ဆီလုပ်ငန်းရှင်များမှ လူတစ်ဦးလျှင် ကျပ်(၁၀၄၀၀/-)နှုန်းဖြင့် ဆန်တစ်အိတ်၊ ကျပ်(၅၁၀၀/-) နှုန်းဖြင့် ဆီတစ်ဿာ၊စုစုပေါင်း ဆန်အိတ် ၃၀၀ အိတ်နှင့် ဆီ ၃၀၀ ပိဿာတို့ကိုပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)