မိုင်းယောင်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းမှုကို ယနေ့နံနက် ၉ နာရီက ယမ်းခမ်းကျေးရွာ၌ ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်/မြို့နယ် စိုက်ကြပ်အဖွဲ့များက သွားရောက်ကြည့်ရှုခဲ့သည်။
အဆိုပါ မိုးစပါးစံပြကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် ဟောင်ကြန့်ကျေးရွာအုပ်စု ယမ်းခမ်းကျေးရွာ ကွင်းအမှတ်(၇၁)၊ ဦးပိုင်အမှတ်(၆)ရှိ တောင်သူ ဦးနွဲ့ဆမ်၏ GW(11) တစ်ဧက စံပြကွက်အား စိုက်ပျိုးရေးနည်းစနစ်အတိုင်း ရိတ်သိမ်းခဲ့ရာ စံကွက်အထွက်နှုန်းမှာ အစိုထွက်တင်း ၁၈၀ တင်း၊ စပါးအခြောက်ထွက်တင်း ၁၆၂ တင်း ထွက်ရှိသဖြင့် ပန်းတိုင်မျှော်မှန်းချက်ကျော်လွန်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း