သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် Parbisureအမည်ဖြင့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သီပေါ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးနှင့်ပုံစံတူ တရားမဝင်ဆေးဝါး ရောင်းချခြင်းများရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က  ယနေ့နံနက်(၁၀)နာရီကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်Towards Ultimte Company Ltd;မှ  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဆေးဝါးမှတ်ပုံတင်ရရှိထားသော Pabrinx IV/HV Injection အကြောအားဆေးအား(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိရာ အဆိုပါဆေးနှင့် (Composition & Strength) ဘူးခွံDesign ဆင်တူဖြင့် တရားဝင်ဆေးဝါး မှတ်ပုံတင်ခွင့်ပြုချက်အမှတ် DRC No နှင့်Insertပါခြင်းမရှိသော Parbisureဆေးဝါးများကို ဈေးကွက်အတွင်း တရားမဝင်တင်သွင်းဖြန်ဖြူးရောင်းချလျက်ရှိပါသောကြောင့် ၎င်းဆေးများကို သီပေါမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း ဖြန့်ဖြူးခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ၎င်းဆေးအား ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း ဆေးဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)