တန့်ယန်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် Grade-4 မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ စတင်ဖြေဆိုနေလျက်ရှိသည်။
အဆိုပါ စာမေးပွဲကို တစ်ရက်လျှက် တစ်ဘာသာဖြင့် မူလတန်းအဆင့် Grade-5 တန်းကို (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အလယ်တန်းဆင့် Grade-6.7.8.9 အတန်းများအား (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အထက်တန်းဆင့်အတန်းများမှ Grade-10 နှင့် Grade-11 တို့ကို (နှစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ Grade-12 ကို (သုံး)နာရီ မေးခွန်းလွှာအားလည်းကောင်း အသီးသီး ဖြေဆိုနေကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)