စဉ့်ကိုင် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးအဘိုး၊အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလှိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လ အတွက် အသက်(၈၅)နှစ် အထက် အသက်ကြီးအဘိုး၊အဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ စဉ့်ကိုင်မြို့နယ် အတွင်းရှိ အသက်ကြီးအဘိုး၊အဘွား(၇၃၃)ဦးအတွက် (၁)လလျှင်ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် (၃)လစာ စုစုပေါင်း ငွေကျပ်(၂၁၉၉၀၀၀၀)ကျပ်ကို စဉ့်ကိုင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက အသက်ကြီး အဘိုး၊ အဘွားများထံသို့ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်