ကိုကိုးကျွန်း အောက်တိုဘာ ၁၆
သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောဆန်များအား ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ခဲ့သည်။
ယင်းသို့ထောက်ပံ့ပေးရာတွင် ဒေသနေပြည်သူများအဆင်ပြေစေရန် အိမ်ထောင်စုအလိုက် ၁၂ နှစ်အထက် ၆ ပြည်နှုန်း၊ ၁၂ နှစ်အောက် ၄ ပြည်နှုန်းဖြင့် အခမဲ့ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသောဆန်များ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းပြန်/ဆက်