ဟိုပုံးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

ဟိုပုံး  အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွှဲ(၁) နာရီအချိန်မှ စတင်၍ ဟိုပုံးမြို့ မြို့မအားကစားကွင်းတွင် ဆက်လက် ကျင်းပလျက်ရှိသည်။

ထိုသို့ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ ဒေသခံပြည်သူများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ အရည်အချင်းပြည့်ဝသည့် အမျိုးသားဘောလုံးအသင်း အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသခံပြည်သူများ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက် သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြန်မာ့ဘောလုံးလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် သွေးသစ်လောင်းနိုင်မည့် မျိုးဆက်သစ် အမျိုးသား ဘောလုံးအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးပါသည့် အခန်းကဏ္ဍ တစ်ရပ်အဖြစ် အလေးထားပြီး ရေတိုရေရှည်စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အောက်တိုဘာလ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဟိုပုံးမြို့နယ်မှ ဘောလုံး အသင်း(၇)သင်း၊ ဆီဆိုင်မြို့နယ်မှ ဘောလုံးအသင်း(၃)သင်းနှင့် ပင်လောင်းမြို့နယ်မှ ဘောလုံး အသင်း(၂)သင်း စုစုပေါင်းဘောလုံးအသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲ ပထမဦးဆုံးပွဲစဉ်အဖြစ် ဟိုပုံးမြို့(ပအိုဝ်းပေး)ဘောလုံးအသင်းနှင့် ဆီဆိုင်ဘောလုံးအသင်း၊ ဒုတိယပွဲစဉ်အဖြစ် ကံတက်ဘောလုံးအသင်းနှင့် ဗန်းမောက်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ဒေသခံ ဘောလုံးဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)